နိုင်ငံတကာ ဥပဒေကို လျစ်လျူရှုထား၊ အစ္စရေးစစ်သားများက ဂါဇာရှိ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုကြောင်း ဝန်ခံ

(GMT+08:00)2024-10-27 17:04:19  

အစ္စရေးစစ်တပ်သည် ဂါဇာဒေသရှိ ပါလက်စတိုင်းအရပ်သားများအား မိုင်းဗုံးများချထားနိုင်သည့် အဆောက်အအုံများနှင့် လိုဏ်ခေါင်းများအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်စေပြီး အစ္စရေးစစ်တပ်အတွက် "လူသားဒိုင်း" အဖြစ် လမ်းကြောင်းရှာဖွေပေးခိုင်း ခဲ့ကြောင်း အစ္စရေးစစ်သားတစ်ဦးနှင့် အစ္စရေးတပ်ဖွဲ့မှ ဖမ်းဆီးခြင်းခံခဲ့ရသော ပါလက်စတိုင်းလူမျိုး ၅ ဦးတို့ ပြောကြားခဲ့သည်ဟု ဒေသစံတော်ချိန် ၂၄ ရက်နေ့က CNN သတင်းဌာနက ဖော်ပြခဲ့ပါသည်။ 

အရပ်သားများအား အသုံးပြုပြီး စစ်ဘက်ဆိုင်ရာဆောင်ရွက်မှုများအတွက် အကာအကွယ်ပေးရန် သို့မဟုတ် စစ်ရေး ဆောင်ရွက်မှုများတွင် အတင်းအဓမ္မ ပါဝင်စေခြင်းကို နိုင်ငံတကာဥပဒေတွင် တားမြစ်ထားပါသည်။ စစ်ရေး ဆောင်ရွက်မှုများတွင် အဖမ်း ခံထားရသော ဂါဇာဒေသ အရပ်သားများအား အသုံးပြုရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။