အောက်တိုဘာလ ၂၅ ရက်နေ့က တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျောက်မင်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Shambaugh နှင့်အတူ တရုတ်-အမေရိကန် စီးပွားရေး လုပ်ငန်းအဖွဲ့များ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ပူးတွဲ ကြီးမှူး ကျင်းပ ခဲ့ပါသည်။
နှစ်ဖက်တို့သည် နှစ်နိုင်ငံ၏ မက်ခရို စီးပွားရေး အခြေအနေနှင့် မူဝါဒများ၊ နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းနှင့် လာမည့်အဆင့်ကာလတွင် ကူးလူးဖလှယ်ခြင်း စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ လက်တွေ့ကျပြီး အပြုသဘောဆောင်သော ကူးလူးဖလှယ်မှုများကို နက်ရှိုင်းစွာ ပြုလုပ်ခဲ့ကြပါသည်။ တရုတ်ပြည်ဘက်သည် မျက်မှောက် တရုတ်နိုင်ငံ၏ မက်ခရို စီးပွားရေး အခြေအနေနှင့် လောလောဆယ်တွင် ဖော်ဆောင်နေသော စီးပွားရေး တိုးမြှင့်ရေး မူဝါဒများကို အဓိက ရှင်းလင်း ဖော်ပြခဲ့ပြီး အမေရိကန်၏ တရုတ်နိုင်ငံအပေါ် အခွန် တိုးကောက်ခြင်း၊ ရုရှားအား အရေးယူခြင်း စသည့် ဆောင်ရွက်ချက်များအပေါ် အာရုံစူးစိုက်ခြင်းကိုလည်း ဖော်ပြခဲ့ပါသည်။