ယခုလ ၂၆ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်က ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၁.၉၈၈ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချမှုနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်က တရုတ်ထိုင်ဝမ်ဒေသသို့ လက်နက်များရောင်းချမှုသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ ရပ်၊ အထူးသဖြင့် “ဩဂုတ်လ ၁၇ ရက်နေ့ ပြန်တမ်းကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားကို ပြင်းထန်စွာ ကျူးလွန်ထိပါးခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးရွားစွာ ဖျက်ဆီးကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်၍ "ထိုင်ဝမ် သီးခြားတည်ရှိမှု" သွေးခွဲရေးအင်အားများအား ပြင်းထန်စွာ မှားယွင်းသော အချက်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကာ အမေရိကန်အား တည်ကြည် လေးနက်စွာ အရေးဆိုခဲ့ပြီကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်
(GMT+08:00)2024-10-27 17:05:01