ရှီကျင့်ဖိန်သည် မိုဇမ်းဘစ် နိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံရသော ချာပိုအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-10-27 17:03:13  

အောက်တိုဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မိုဇမ်းဘစ်နိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံရသော ချာပိုအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မိုဇမ်းဘစ်နိုင်ငံတို့သည် ချစ်ကြည်ရေး အစဉ်အလာ ရှိကြောင်း၊ မိမိသည် တရုတ်-မိုဇမ်းဘစ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေး၏ အောင်မြင်မှု ရလဒ်များကို အကောင်အထည် ဖော်ဆောင်ခြင်းကို အခွင့်ကောင်း အဖြစ်ထားပြီး ချစ်ကြည်ရေး  အစဉ်အလာ ထွန်းကားလာရန်၊ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို အဆင့်တိုး ဖွံ့ဖြိုးတိုးတက်စေရန်၊ နှစ်နိုင်ငံပြည်သူများ ချမ်းသာသုခများကို ပိုမို ရရှိစေရန် သမ္မတ ချာပို နှင့်အတူ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြပါသည်။