ဒေသစံတော်ချိန် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အစ္စရေးနိုင်ငံ ဟိုင်ဖာနှင့် တဲလ်အဗစ်မြို့ကြားရှိ ဆီဆာရီယာဒေသနှင့် အခြားနေရာများတွင် လေကြောင်းရန်ကာကွယ်ရေး ဥသြသံများ ကြားခဲ့ရသည်။
ဒေသစံတော်ချိန် ၂၅ ရက်နေ့ နံနက် ၆ နာရီ ၄၆ မိနစ် မှ ၄၈ မိနစ် အတွင်း လက်ဘနွန်မှ အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည်တစ်စင်း ဝင်ရောက်ခဲ့ပြီး အစ္စရေးလေတပ်က အောင်မြင်စွာ ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။