တရုတ်နှင့် ဥရောပတို့သည် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်တွန်းအားပေးပြီး အနှစ်သာရကျသော တိုးတက်မှု ရရှိရန် မျှော်လင့်ကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-10-26 11:50:15  

တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှ သတင်းအရ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တရုတ်ကုန်သွယ်ရေး ဝန်ကြီး Wang Wentao သည် ကမ်းလှမ်းချက်အရ ဥရောပသမဂ္ဂ ကော်မရှင် အမှုဆောင် ဒုဥက္ကဌ၊ ကုန်သွယ်ရေး ကော်မရှင်နာ Dombrovskis နှင့် ဗီဒီယို ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဥရောပသမဂ္ဂ၏ တရုတ်နိုင်ငံ လျှပ်စစ်ကားများအပေါ် ထောက်ပံ့ကြေးပေးမှု ဆန့်ကျင်ရေး ရေးရာနှင့်ပတ်သက်ပြီး ပရော်ဖက်ရှင်နယ် ကျပြီး လက်တွေ့ကျသော၊ ပွင့်ပွင့်လင်းလင်း ဖြစ်ပြီး အပြုသဘောဆောင်သော ကူးလူးဖလှယ်မှုများကို ပြုလုပ်ခဲ့ကြကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ယခင် ညှိနှိုင်းဆွေးနွေးမှု ရရှိခဲ့သော တိုးတက်မှုများကို ပြန်လည်သုံးသပ်ပြီး ဆွေးနွေးသည့်နည်းလမ်းဖြင့် ကွဲပြားမှုများကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒကို ထပ်မံဖော်ပြကာ လာမည့်အဆင့်ကာလတွင် ညှိနှိုင်းဆွေးနွေးမှု၏ ဦးတည်ချက်အတွက် လမ်းညွှန်ပေးခဲ့ကြောင်း သိရပါသည်။