အောက်တိုဘာလ ၂၃ ရက်နေ့က အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိုကီနာဝါ အီရှိဂါကီကျွန်းတွင် စတင်ပြုလုပ်ခဲ့ပါသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် အီရှိဂါကီကျွန်းရှိ ဒေသခံများက ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စွဲစခန်းသို့ သွားရောက်ခဲ့ပြီး လေ့ကျင့်မှုများကို အမြန်ဆုံးရပ်ဆိုင်းဖို့ တောင်းဆိုရန် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများက အီရှီဂါကီရှိ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်နှင့် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ထံသို့ ဆန္ဒပြစာကို တင်သွင်းခဲ့သည်ဟု သတင်းရရှိပါသည်။ ယင်းစာထဲတွင် ဒေသခံပြည်သူများက "အီရှီဂါကီ ကျွန်းကို စစ်မြေပြင်အဖြစ် ထားခြင်းကို ဆန့်ကျင်ကြောင်း၊ ဂျပန်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပုံမှန်ပြုလုပ်ခြင်းကို ဆန့်ကျင်ကြောင်း" ဟူသော ရပ်တည်ချက် သဘောထားကို ဖော်ပြပြီး ဒေသခံများ၏ ထင်မြင်ယူဆချက်များကို အမေရိကန်နှင့် ဂျပန်အစိုးရက လျစ်လျူရှုပြီး စစ်ရေးလေ့ကျင့်မှုများ အတင်းအဓမ္မ တွန်းအားပေးနေခြင်းကို ကန့်ကွက်ကြောင်းကိုလည်း ဖော်ပြကြပါသည်။