တရုတ်နိုင်ငံ ရှင်းကျန်း ယဉ်ကျေးမှုကူးလူးဖလှယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် အာရှသုံးနိုင်ငံသို့ သွားရောက်

(GMT+08:00)2024-10-26 10:32:05  

ယခုလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအဖွဲ့သည် ယဉ်ကျေးမှု ကူးလူးဖလှယ်ရန်အတွက် စင်ကာပူ၊ မလေးရှားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒေသခံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များအတွက် ခေတ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ရှင်းကျန်း စီမံ အုပ်ချုပ်ရေး စီမံချက်များကို ရှင်းလင်းပြောကြားခဲ့ကာ ရှင်းကျန်းသည် သမိုင်းတွင် အကောင်းဆုံးသော သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကာလတွင် ရှိနေပြီး  ရှင်းကျန်းသို့ အလည် အပတ် လာ ရောက်ရန် အားလုံးကို ဖိတ်ကြားကြောင်း ဖော်ပြခဲ့ကြပါသည်။ သုံးနိုင်ငံမှပုဂ္ဂိုလ်များသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသား လူမျိုးစုများ တန်းတူညီမျှမှု၊ ဘာသာရေးသဟဇာတဖြစ်မှုနှင့် ယဉ်ကျေးမှု အမွေ ဆက်ခံမှုတို့တွင် ရှင်းကျန်း၏အောင်မြင်မှုများကို ချီးကျူးခဲ့ကြကြောင်း သိရပါသည်။