ရှီကျင့်ဖိန်သည် ပြည်သူ့ရေးရာ လုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်

(GMT+08:00)2024-10-26 15:44:26  

   မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြည်သူ့ရေးရာ လုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေးတွင် ပြည်သူ့ရေးရာ လုပ်ငန်းသည် အရေးအကြီးဆုံးပင် ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ပါတီကော်မတီနှင့် အစိုးရဌာနများသည် ပြည်သူ့ရေးရာများကို အဓိကအဖြစ် ထားပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အကျိုး ခံစားစေနိုင်သော အခြေခံ ပြည်သူ့ရေးရာလုပ်ငန်းများ တည်ဆောက်ခြင်းကို အားဖြည့်ရမည် ဖြစ်ကာ ပြည်သူများ အာရုံအစိုက်ဆုံးသော၊ လက်တွေ့အကျဆုံးသော အကျိုးစီးပွားဆိုင်ရာ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်း ဆောင်ရွက်ပေးရမည် ဖြစ်ပြီး ပြည်သူ့ရေးရာလုပ်ငန်းများ အရည်အသွေး ကောင်းမွန်စွာ တိုးတက်လာအောင် ဆက်တိုက် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ပြည်သူ့ရေးရာဌာနများသည် ပြည်သူလူထုများအတွက် အကျိုးရှိသော ကိစ္စများကို လက်တွေ့ကျကျ ဆောင်ရွက်ပေးပြီး အခက်အခဲများကို ဖြေရှင်းပေးကာ တရုတ်အသွင်ပုံစံ ခေတ်မီရေး၊ အားကောင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်မှုကို ဘက်စုံ တွန်းအားပေးရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေးအတွက် အကျိုးပြု စွမ်းဆောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ၁၅ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ရေးရာလုပ်ငန်း အစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပခဲ့ပါသည်။