အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ နှင့် ထိုင်ဝမ်ရေးရာနှင့် ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ၁၉၇၁ ခုနှစ်က ကျင်းပခဲ့သော ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲအများစုကြီးဖြင့် ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ကို အတည်ပြုခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ကိုယ်စားလှယ်သည် တရုတ်နိုင်ငံ၏ ကုလသမဂ္ဂတွင် တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ် ဖြစ်ကြောင်း အတည်ပြုပြီး ထိုင်ဝမ် အာဏာပိုင်မှ ကိုယ်စားလှယ်ကို ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ၏ အဖွဲ့အစည်းအားလုံးမှ ချက်ချင်း နှင်ထုတ်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ထိုင်ဝမ် အပါအဝင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၏ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ပြဿနာကို အရင်းအမြစ်မှနေ ဖြေရှင်းပြီး "တရုတ်နိုင်ငံ နှစ်နိုင်ငံ"နှင့် "တရုတ်နိုင်ငံ တစ်နိုင်ငံ၊ ထိုင်ဝမ် တစ်ခု" မတည်ရှိကြောင်းကို ရှင်းလင်းစွာ အတည်ပြုခဲ့ကြောင်း၊ တရုတ်ပိုင်နက်နယ်မြေ၏ အစိတ်အပိုင်းအဖြစ် ထိုင်ဝမ်သည် ကုလသမဂ္ဂနှင့် အခြားသော အချုပ်အခြာအာဏာပိုင် နိုင်ငံသာ ပါဝင်နိုင်သော နိုင်ငံတကာ အဖွဲ့အစည်းများတွင် ပါဝင်ခွင့် မရှိကြောင်း၊ ယခုနှစ်များတွင် အနောက်နိုင်ငံမှ အင်အားစုအချို့သည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ကို အဓိပ္ပာယ် တလွဲတချော်ဖြစ်အောင် ပြုလုပ်ပြီး "ထိုင်ဝမ် သီးခြားတည်ရှိရေး" လှုပ်ရှားမှုများကို အားပေးထောက်ခံကာ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှုကို ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို ငြင်းဆိုရန် ကြံဆမှုနှင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈၏ သြဇာသက်ရောက်မှုကို တလွဲတချော်ဖြစ်အောင် ပြုလုပ်မှု မှန်သမျှသည် သမိုင်း ရေစီးကြောင်းနှင့် ဖီလာဆန့်ကျင်သည့်လုပ်ရပ် ဖြစ်ပြီး သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈၏ သြဇာသက်ရောက်မှုကို တလွဲတချော်ဖြစ်အောင် ပြုလုပ်ခြင်းသည် သမိုင်း ရေစီးကြောင်းနှင့် ဖီလာဆန့်ကျင်သည့် လုပ်ရပ် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို
(GMT+08:00)2024-10-26 09:47:56