မြောက်ကိုရီးယာနှင့်စာချုပ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာ ရုရှား၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပူတင်ဆို

(GMT+08:00)2024-10-25 11:47:12  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၄ ရက်နေ့က ရုရှားသမ္မတပူတင်သည်  BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယား စစ်သားများအား အထူးစစ်ဆင်ရေး နယ်မြေ အတွင်း ရှိနေခြင်းကို ဂြိုဟ်တု ဓာတ်ပုံများတွင် မြင်တွေ့နိုင်ကြောင်း အမေရိကန် သတင်း ထောက်က ပြောကြားခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ပူတင်က ရုရှား-မြောက်ကိုရီးယား ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ စာချုပ်၏ ပုဒ်မ ၄ တွင် နိုင်ငံတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုထက်ပိုများသော အင်အားဖြင့် တိုက်ခိုက်ခြင်းခံရပါက အခြား ပါတီ သည် ၎င်းအား ရှိနိုင်သမျှ နည်းလမ်းများဖြင့် စစ်ရေးနှင့် အခြားအကူအညီများကို ချက်ချင်းပေးရန် သတ်မှတ်ထားကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင်သည် ယင်း စာချုပ်ကို အလေးအနက် ထားမည်ဟု ယုံကြည်ကြောင်း၊ "ပုဒ်မ ၄ ရဲ့ မူဘောင်အတွင်းမှာ ကျွန်ုပ်တို့ ဘာလုပ်နေသလဲ ဆိုတာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ"ဖြစ်ကြောင်း ပူတင်က ပြောကြားပါသည်။