တရုတ်နိုင်ငံ ဦးဆောင်ပြီး ကမ္ဘာ့ တောင်ဘက်ခြမ်း တတ်သိပညာရှင်များ အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် အဖွဲ့ကို တည်ထောင်မည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-10-25 11:45:51  

ဒေသ စံတော်ချိန် ယခုလ ၂၄ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ကာဇန် ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် “BRICS+” ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ပြီး “ကမ္ဘာ့ တောင်ဘက်ခြမ်း အင်အားများကို စုစည်းကာ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ တွန်းအားပေးရန်” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့သည်။

    ရှီကျင့်ဖိန်က မိမိတို့သည် ယဉ်ကျေးမှုများ အကြား အပြန်အလှန် အတုယူရေးကို တိုးမြှင့်ပေးသူ အဖြစ် ဆောင်ရွက်ပြီး ကူးလူးဆက်ဆံမှုနှင့် ဆွေးနွေးခြင်းကို အားဖြည့် ဆောင် ရွက်ကာ ကိုယ့်နိုင်ငံဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသော ခေတ်မီရေးလမ်းကြောင်း လျှောက်လှမ်းရန် အပြန်အလှန် အားပေးထောက်ခံသင့်ကြောင်း၊ တရုတ်နိုင်ငံသည် ဦး ဆောင်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း တတ်သိပညာရှင်များအဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် အဖွဲ့ကို တည်ထောင်မည် ဖြစ်ကာ နိုင်ငံများ အကြား လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် တိုင်းရေးပြည်ရာ စီမံအုပ်ချုပ်ရေး ဆိုင်ရာ အပြန်အလှန် လေ့လာရေးနှင့် အတုယူရေးကို တိုးမြှင့်ပေးမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ သည်။