"လက်တံရှည် စီရင်မှု"ကို ပြတ်ပြတ်သာသားဆန့်ကျင့်ကြောင်း၊ တရုတ်ကုမ္ပဏီ နှစ်ခုအား အမေရိကန်မှ ပိတ်ဆို့အရေးယူမှုအပေါ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တုံ့ပြန် ပြောဆို

(GMT+08:00)2024-10-25 14:52:59  

ရုရှားတာဝေးပစ်တိုက်ခိုက်မှုဒရုန်းများ ဖော်ထုတ်မှု၊ ထုတ်လုပ်မှုနှင့် သယ်ယူ ပို့ဆောင်မှု များတွင် ပါဝင်ခဲ့သည့် တရုတ်ကုမ္ပဏီ နှစ်ခုနှင့် ရုရှားကုမ္ပဏီ တစ်ခုတို့အား ပိတ်ဆို့အရေးယူ ရန်  အမေရိကန်မှ မကြာမီက ကြေညာခဲ့ပါသည်။ ယင်းနှင့် စပ်လျဉ်း၍ ယခုလ ၂၄ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် နိုင်ငံတကာ တရားဥပဒေ အထောက်အပံ့နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ခွင့်ပြုချက်မရှိဘဲ တစ်ဖက်သတ်အရေးယူမှုနှင့် "လက်တံရှည်စီရင်မှု"ကို ပြတ်ပြတ်သားသားဆန့်ကျင့်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရပါသည်။