တောင်ကိုရီးယားတွင် အခြေစိုက်ထားသောအမေရိကန်စစ်တပ်၏ ထောက်ပံ့ရေးဂိုဒေါင်တစ်ခု မီးလောင်မှုဖြစ်ပွား

(GMT+08:00)2024-10-25 11:48:31  

 ဒေသစံတော်ချိန်အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၈ နာရီ ၃၁ မိနစ်ခန့်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ အရှေ့ဘက်ရှိ  အမေရိကန်စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးဂိုဒေါင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ယခုအချိန်အထိ မီးသတ်သမားများက မီးငြှိမ်းသတ်ခြင်းလုပ်ငန်းကို ၁၁ နာရီကျော်ကြာ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ   မီးကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း လုံးဝ ငြိမ်းသွားခြင်း မရှိသေးကြောင်း သိရှိရသည်။ ၎င်းထောက်ပံ့ရေးဂိုဒေါင်သည် တောင်ကိုရီးယားတွင် အခြေစိုက်ထားသော အမေရိကန် စစ်လက်နက်ပစ္စည်းများကို သိုလှောင်ရန် အသုံးပြုသည့် ဂိုဒေါင် တစ်ခုဖြစ်ကြောင်း သတင်းအရ သိရပါသည်။