ရှီကျင့်ဖိန်သည် တရုတ်ပင်လယ်သမုဒ္ဒရာတက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်း သား များအား ပြန်စာပေးပို့ခဲ့

(GMT+08:00)2024-10-25 14:55:33  

ယခုတလော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပင်လယ်သမုဒ္ဒရာ တက္ကသိုလ်မှ ဆရာဆရာမ ကျောင်းသူ ကျောင်းသား များအား ပြန်စာပေးပို့ခဲ့ ပြီး တရုတ်ပင်လယ်သမုဒ္ဒရာ တက္ကသိုလ်ကို ထူထောင်ခဲ့သည့် နှစ်၁၀၀ပြည့်အခါသမယတွင် ဆရာဆရာမ ကျောင်းသားကျောင်းသူ ဝန်ထမ်းအားလုံး နှင့် ကျောင်းသားဟောင်းများအား ဂုဏ်ပြုကြောင်း ရေးသား ဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က ခင်ဗျာတို့သည် တက္ကသိုလ်ထူထောင်ခဲ့သည့် နှစ်၁၀၀ပြည့်မြောက်ခြင်းကို အစမှတ်အသစ်အဖြစ် ထားကာ သိပ္ပံနည်းပညာဖွံ့ဖြိုးရေး၊ အမျိုးသား မဟာဗျူဟာ လိုအပ်ချက်အတွက် ဘာသာရပ်များထားရှိရေးထိန်းညှိမှုစနစ်နှင့် လူရည်ချွန်များ ပျိုးထောင် ရေး ပုံစံကို ကောင်းမွန်ပြည့်ဝစေပြီး ပင်လယ်သမုဒ္ဒရာသိပ္ပံနည်းပညာအခက်အခဲများကို ကျော်လွှာရန် ကိုယ်တိုင် ဆန်းသစ် တီထွင်မှု နှင့် ဦးဆောင်မှုများကို အားဖြည့်ဆောင်ရွက်ကာ ပိုမို ထူးချွန်သော ပင်လယ်သမုဒ္ဒရာ လူရည်ချွန်တော်များကို ပျိုးထောင်၍ ပညာရေးအင်အားကြီးနိုင်ငံ၊ ပင်လယ်သမုဒ္ဒရာ အင်အားကြီးနိုင်ငံ ကို ထူထောင်နိုင်ဖို့ ပိုပြီး အကျိုးပြုစွမ်းဆောင်ကြရန်လိုကြောင်း  စာတွင် အလေးထား ရေးသားခဲ့ပါသည်။