ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးကြီးသည့်အင်အားစုတစ်စုအနေဖြင့် လူသားကံကြမ္မာတူ အသိုက်အဝန်းကို ထူထောင်ရေးတာဝန်ယူရန်အတွက် မိမိတို့သည် စုပေါင်းဉာဏ်ရည်နှင့်အင်အားကို ပြသသင့်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-10-25 14:52:29  

ဒေသ စံတော်ချိန် ယခုလ ၂၄ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ကာဇန် ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် “BRICS+” ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ပြီး “ကမ္ဘာ့ တောင်ဘက်ခြမ်း အင်အား များကို စုစည်းကာ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ တွန်းအားပေးရန်” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့သည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကမ္ဘာ့အခြေအနေ အပြောင်းလဲကြီး၏ ထင်ရှားသောလက္ခဏာဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ခေတ်မီရေးသို့ အတူတက်လှမ်းခြင်းသည် ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ပြီး လူသား ယဉ်ကျေးမှု ခရီးစဉ်တွင် မကြုံစဖူးသော မဟာဆောင်ရွက်ချက်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဆဲဖြစ်ပြီး ကမ္ဘာ့ တောင် ဘက်ခြမ်းနိုင်ငံများ ရှင်သန်ရေးလမ်းသည် ချောမွေ့နေမည်မဟုတ်ကြောင်း၊ ကမ္ဘာ့ တောင် ဘက်ခြမ်းနိုင်ငံများ၏ အရေးကြီးသည့်အင်အားစုတစ်စုအနေဖြင့် လူသားကံကြမ္မာတူ အသိုက်အဝန်းကို ထူထောင်ရေးတာဝန်ယူရန်အတွက် မိမိတို့သည် စုပေါင်းဉာဏ်ရည်နှင့် အင်အားကို  ပြသသင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။