ရှီကျင့်ဖိန်သည် ၁၆ကြိမ်မြောက် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် ဘေကျင်းမြို့သို့ ပြန်လည် ရောက်ရှိ

(GMT+08:00)2024-10-25 11:49:10  

အောက်တိုဘာလ ၂၄ရက်နေ့ညက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ၁၆ကြိမ်မြောက် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် အထူးလေယာဉ်ဖြင့် ဘေကျင်းမြို့သို့ ပြန်လည် ရောက် ရှိ ခဲ့ကြောင်း သတင်း အရ သိရှိရ သည်။

သမ္မတ ရှီကျင့်ဖိန်နှင့်အတူ  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟိုကော်မတီရုံး ဥက္ကဋ္ဌ ဆိုက်ချီး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည်လည်း  ပြန်လည်ရောက်ရှိလာ ခဲ့ကြပါသည်။

Kazanမှ ပြန်လည် ခရီးထွက်ခွာ စဉ် ရုရှားပြည်ထောင်စု Tatarstan သမ္မတနိုင်ငံ Head of republic of Tatarstan Rustam  Minnikhanov နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတို့ က  လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက် ခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။