ဒေသ စံတော်ချိန် ယခုလ ၂၄ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ကာဇန် ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် “BRICS+” ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ပြီး “ကမ္ဘာ့ တောင်ဘက်ခြမ်း အင်အားများကို စုစည်းကာ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ တွန်းအားပေးရန်” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် တင်ပြခဲ့သည့် ၃နှစ်တွင် ဖွံ့ဖြိုးရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ခန့်ကို စုဆောင်းပြီး လုပ်ငန်း အစီအစဉ် ၁၁၀၀ကျော်ကို ဖော်ဆောင်ခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ဉာဏ်ရည်တု မဟာမိတ်အဖွဲ့ ထူးချွန်ရေး စင်တာကို မကြာခင်က ရှန်ဟိုင်းတွင် တည်ထောင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ “စမတ် အကောက်ခွန်ရုံး” အွန်လိုင်း ပူးပေါင်း ဆောင်ရွက်ရေး ပလက်ဖောင်း နှင့် BRICSနိုင်ငံများ အကောက်ခွန်ရုံး စံပြ စင်တာကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတို့အား တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။