နိုင်ငံတကာအခြေအနေဘယ်လိုပဲပြောင်းလဲသည် ဖြစ်စေ တရုတ်နိုင်ငံသည် ကမ္ဘာ့ တောင်ဘက် ခြမ်းကို အစဉ်တစိုက် မှတ်မှတ်ရရ ရှိပြီး၊ ကမ္ဘာ့တောင်ဘက်ခြမ်း၌ အမြစ်တွယ်ထားကြောင်း ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-10-25 14:51:45  

ဒေသစံတော်ချိန် ယခုလ ၂၄ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇန် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် “BRICS+” ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ပြီး “ကမ္ဘာ့ တောင်ဘက်ခြမ်း အင်အားများကို စုစည်းကာ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ တွန်းအားပေးရန်” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်က အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး သည် ပြုပြင်ပြောင်းလဲမှု တစ်ဆင့်တက် ဘက်စုံဇောက်ချပြုလုပ်ရေးနှင့် တရုတ်ပုံစံခေတ်မီ ရေး တွန်းအားပေးမှုများကို စနစ်တကျ စီမံခန့်ခွဲပြီး၊ ကမ္ဘာအတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို မလွဲမသွေ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း အလေးထားပြောကြား ခဲ့သည်ဟု သိရပါသည်။