၂၀၂၄ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူးကျိန့်ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလတွင် ကျင်းပမည်

(GMT+08:00)2024-10-25 14:54:43  

ကမ္ဘာ့အင်တာနက်ညီလာခံသည် အောက်တိုဘာလ ၂၄ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ကို ကျင်းပပြီး ၂၀၂၄ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူးကျိန့် ထိပ်သီး အစည်းအဝေးကို နိုဝင်ဘာလ ၁၉ရက်နေ့မှ ၂၂ရက်နေ့အထိ တရုတ်နိုင်ငံ ဝူးကျိန့်၌ ကျင်းပမည်ဟု ထုတ်ပြန်ခဲ့ပါသည်။

ယခုအကြိမ်ဝူးကျိန့်ထိပ်သီးအစည်းအဝေးသည် “လူကို အရင်းခံပြီး ကောင်းကျိုးအတွက် AIကို အသုံးပြုသော ဒစ်ဂျစ်တယ်အနာဂတ်ကို ဆုပ်ကိုင် ခြင်း----ဆိုက်ဘာစပေ့စ်ဆိုင်ရာ ကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲထူထောင်ကြခြင်း”၏ဆောင်ပုဒ်ဖြင့် ကမ္ဘာလုံး ဖွံ့ဖြိုးရေးအဆိုပြုချက်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ AIနည်းပညာဆန်းသစ်တီထွင်ရေး နှင့် စီမံအုပ်ချုပ်ရေးစသော အကြောင်းအရာများနှင့်ပတ်သက်၍ ဖိုရမ်ခွဲ ၂၄ခုကို ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။