Trami တိုင်ဖွန်း မုန်တိုင်း ကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် လူ ၂၇ ဦးထက်မနည်း သေဆုံး

(GMT+08:00)2024-10-25 14:55:12  

အောက်တိုဘာလ ၂၄ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ Batangasပြည်နယ် အကွန်စီလိုမြို့နယ် တာဝန်ရှိသူများ က Trami တိုင်ဖွန်း မုန်တိုင်း ကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၅ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိချိန်အထိ တိုင်ဖွန်း Trami ကြောင့် ဖိလစ်ပိုင်၌ လူ ၂၇ဦး ထက်မနည်း သေဆုံးခဲ့ ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။