တိုင်ဖွန်း Trami မုန်တိုင်း ကြောင့် ဖိလစ်ပိုင်နိုင်ငံ Bicol ဒေသတွင် လူ ၂၀ ဦး သေဆုံး

(GMT+08:00)2024-10-24 12:33:19  


တိုင်ဖွန်း Trami မုန်တိုင်း တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ Bicol ဒေသတွင် ယနေ့ နံနက် ၇ နာရီအထိ စုစုပေါင်း လူ ၂၀ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဒေသစံတော်ချိန်  ယခုလ ၂၄ ရက်နေ့ ဒီကနေ့တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင် အမျိုးသား မိုးလေဝသဌာနမှ သတင်းအရ အောက်တိုဘာလ ၂၄ ရက်နေ့နံနက် ၀ နာရီ ၃၀ မိနစ်တွင် တိုင်ဖွန်း အမှတ် ၂၀ “Tami” သည် ဖိလစ်ပိုင်နိုင်ငံ Isabela ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ပြင်းထန်သော အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိ ခဲ့ကြောင်း သတင်းအရ သိရပါသည်။