မိမိတို့သည် “ငြိမ်းချမ်းသော BRICS” ကို တည်ဆောက်ပြီး အတူတကွ လုံခြုံရေး ၏ ကာကွယ်သူများ ဖြစ်သင့်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-10-24 11:51:23  

 အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၁၆ ကြိမ်မြောက် BRICS နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ပြီး မိန့်ခွန်းပြောကြားရာ “ငြိမ်းချမ်းသော BRICS” ကို တည်ဆောက်ပြီး အတူ တကွ လုံခြုံရေး၏ ကာကွယ်သူများ ဖြစ်သင့်ကြောင်း၊ လူသားတို့သည် ခွဲ၍မရသော လုံခြုံရေးအသိုက်အဝန်း ဖြစ်ကြောင်း၊ ယူကရိန်းအကျပ်အတည်း ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်ကြောင်း၊ တရုတ်၊ ဘရာဇီးနှင့် သက်ဆိုင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ ယူကရိန်း အကျပ်အတည်းဆိုင်ရာ ငြိမ်းချမ်းရေးမိတ်ဆွေများအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရန် ကမကထပြုပြီး  ရည်ရွယ်ချက်မှာ ပိုမိုများပြားသော ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်နေသည့် တောင်းဆိုချက်များကို စုစည်းရန်ပင် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မြေပြင် မတိုးချဲ့စေခြင်း၊ စစ်ပွဲ မြင့်တက်မလာစေခြင်းနှင့် ဘက်အသီးသီး မီးလောင်ရာလေပင့် မလုပ်ခြင်း ဟူသော မူ၃ရပ်ကို စွဲကိုင်ထားပြီး အခြေအနေများ  အမြန်ဆုံး လျော့ပါးလာစေရန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားရေးအခြေအနေ ဆက်လက်ဆိုးဝါးနေပြီး လက်ဘနွန်နိုင်ငံတွင် စစ်ပွဲထပ်မံဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ ဘက်အသီးသီးတို့၏ အချင်းပွားမှုများ တစ်ဆင့်တက်မြင့်တက်လာနေကြောင်း၊ မိမိတို့သည် အပစ်အခတ်နှင့် သတ်ဖြတ်မှုများကို အမြန်ဆုံး ရပ်စဲရန် တွန်းအားပေးရမည် ဖြစ်ပြီး ပါလက်စတိုင်း ပြဿနာကို ဘက်စုံ၊ တရားမျှတစွာ၊ ရေရှည် ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်း အား ထုတ်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။