ဒေသစံတော်ချိန် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၁၆ ကြိမ်မြောက် BRICSနိုင်ငံများ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြား ရာတွင် လက်ရှိ ကမ္ဘာကြီးသည် မတည်မငြိမ်ဖြစ်ပြီး ပြုပြင်ပြောင်းလဲသည့် ကာလသို့ ဝင်ရောက်ခဲ့ပြီး နိုင်ငံများအနေနှင့် သော့ချက်ကျသော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာကြီးကို မငြိမ်မသက်ဖြစ်အောင် ထားသင့်သလား၊ ဒါမှမဟုတ် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ကို ပြန်တွန်းပို့သင့်သလား ဆိုသည်မှာ စဉ်းစားရမည့် ပြဿနာတစ်ခုဖြစ်ကြောင်း၊ ခေတ်ကာလ၏ စိန်ခေါ်မှုကြီးလေလေ၊ ကျွန်ုပ်တို့သည် သတ္တိရှိရှိ ရှေ့တန်းသို့တက်ရပြီး BRICS စနစ် ကို ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သော အဓိက လမ်းကြောင်း အဖြစ် ဖန်တီးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှုအတွက် ရှေ့ဆောင်အင်အားစုအဖြစ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လေလေ ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
မျက်မှောက် ကမ္ဘာကြီးသည် မတည်မငြိမ်ဖြစ်ပြီး ပြုပြင်ပြောင်းလဲသည့် ကာလသို့ ဝင်ရောက်ခဲ့ပြီး သော့ချက်ကျသော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရှီကျင့်ဖိန်ဆို
(GMT+08:00)2024-10-24 09:57:08