မိမိတို့သည် “တရားမျှတသော BRICS”ကို တည်ဆောက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သူ အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-10-24 11:53:24  

      အောက်တိုဘာလ ၂၃ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ၁၆ကြိမ်မြောက် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် မိမိတို့သည် “တရားမျှတသော BRICS”ကို တည် ဆောက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သူ အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငွေကြေးအခြေခံအဆောက်အအုံများ အပြန်အလှန် ချိတ်ဆက်ရန် တိုးမြှင့်ပြီး အရည်အသွေးမြင့်သော ငွေကြေးလုံခြုံရေးကို ထိန်း သိမ်း ကာ New Development Bankကို အင်အားပိုမိုတောင့်တင်းအောင်ဆောင်ရွက်၍ ကမ္ဘာ့စီးပွားရေး အခြေအနေအပြောင်းအလဲကို ပိုမိုကောင်းမွန်စွာ ထင်ဟပ်စေရန် နိုင်ငံတကာ ငွေကြေးစနစ်ကို မြှင့်တင်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။