ရှီကျင့်ဖိန်သည် အီရန်သမ္မတ Pezeshkian နှင့် တွေ့ဆုံ

(GMT+08:00)2024-10-24 11:57:46  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် Kazan ၌ ကျင်းပသည့် BRICS နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံနွေးဆွေးပွဲသို့ တက်ရောက်စဉ် အီရန်သမ္မတ Pezeshkian နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က အီရန်နိုင်ငံအား BRICS တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် BRICS ခေါင်း ဆောင် များ အစည်းအဝေးသို့ ပထမဆုံးအကြိမ် ပါဝင်တက်ရောက်လာခြင်းကို ဂုဏ်ပြုကြိုဆိုခဲ့ပြီး BRICS အပါအဝင် ဘက်ပေါင်းစုံ မူဘောင်အတွင်း အီရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု အား ကောင်းစေရန် တရုတ်နိုင်ငံက ဆောင်ရွက်လိုကြောင်း၊ ကမ္ဘာတောင်ဘက်ခြမ်း နိုင်ငံ များ၏ ဩဇာသက်ရောက်မှုနှင့် ပြောဆိုပိုင်ခွင့်ကို အဆင့်တိုးမြှင့်ရန်နှင့် နိုင်ငံတကာ စည်းစနစ်ကို ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့ပါသည်။

အီရန်သမ္မတ Pezeshkian က တရုတ် နိုင်ငံသည် အီရန်၏ အရေးအကြီးဆုံး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်ပြီး အီရန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတွင် ကောင်းမွန် သည့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားကြောင်း၊ BRICS ပူးပေါင်း ဆောင်ရွက်မှုစနစ်တွင် အီရန်၏တရားဝင်ပါဝင်မှုကို ထောက်ခံပေးသည့်အတွက် တရုတ် နိုင်ငံကို ကျေးဇူးတင်ရှိပြီး BRICS အပါအဝင် ဘက်ပေါင်းစုံပလက်ဖောင်းများတွင် တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ရန်နှင့်ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။