အောက်တိုဘာလ ၂၃ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ၁၆ကြိမ်မြောက် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် မိမိတို့သည် “မြစိမ်းရောင် BRICS”ကို တည် ဆောက် ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ဖော်ဆောင်သူ အဖြစ် ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံ လျှပ်စစ်မော်တော်ကား၊ လစ်သီယမ်ဘက်ထရီ၊ photovoltaic ကုန်ပစ္စည်းစသော အရည်အ သွေး ကောင်းမွန်သည့် ကုန်ထုတ်စွမ်းအားသည် ကမ္ဘာ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတွန်းအားကို ပေးကြောင်း၊ တရုတ်နိုင်ငံသည် BRICSနိုင်ငံများနှင့်အတူ အစိမ်းရောင်လုပ်ငန်း၊ သန့်စင်စွမ်းအင် နှင့် အစိမ်းရောင် သတ္တုထွက်ကုန်ပစ္စည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြီး လုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ “မြစိမ်းရောင်” ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေး၍ ပူးပေါင်းဆောင်ရွက်မှု၏ “မြစိမ်းရောင်ပါဝင်မှု”ကို ပြည့်ဝစေကာ ဖွံ့ဖြိုးတိုးတက်ရေး၏ အရည်အသွေးကို မြှင့်တင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
မိမိတို့သည် “မြစိမ်းရောင် BRICS”ကို တည်ဆောက်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ဖော်ဆောင်သူ အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှီကျင့်ဖိန် ဆို
(GMT+08:00)2024-10-24 11:54:01