ဒေသစံတော်ချိန် အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် Kazan ၌ ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် အိန္ဒိယတို့သည် သမိုင်းရေစီးကြောင်းနှင့် နှစ်ဖက်တို့၏ ဆက်ဆံ မှု ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို မှန်ကန်စွာ စွဲကိုင်ထားခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူ များ၏ အခြေခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ နှစ်ဖက်တို့သည် ဆက်သွယ်ရေး နှင့် ပူး ပေါင်း ဆောင်ရွက်ရေးကို အားသစ်လောင်းပေးပြီး ပဋိပက္ခများနှင့် သဘော ကွဲလွဲမှုများကို ကောင်း မွန်စွာ ကိုင်တွယ်ဖြေရှင်းကာ အချင်းချင်း၏ ဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်များကို အကောင်အထည် ဖော် ဆောင်ရန် အပြန်အလှန် ထောက်ခံအားပေးသင့်ကြောင်း၊ နှစ်ဖက်တို့အနေနှင့် နိုင်ငံတကာ တာဝန် ဝတ္တရားများကို ထမ်းဆောင်ပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စံနမူနာ ပြုကာ ကမ္ဘာကြီး ဝင်ရိုးစုံ တိုးတက်ခြင်း နှင့် နိုင်ငံတကာ ဆက်ဆံမှု ဆိုင်ရာ ဒီမိုကရေစီ ကျင့်သုံးရေး အတွက် အကျိုးပြု စွမ်းဆောင်သင့်ကြောင်း ဖော်ပြခဲ့ပါသည်။