မိမိတို့သည် “ဆန်းသစ်တီထွင်မှုရှိသော BRICS” ကို တည်ဆောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ပြေး ဖြစ်သင့်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-10-24 11:51:57  

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၁၆ ကြိမ်မြောက် BRICS နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာ၌ မိမိတို့သည် “ဆန်းသစ်တီထွင်မှုရှိ သော BRICS” ကို တည်ဆောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ပြေး ဖြစ်သင့်ကြောင်း၊ ခေတ်၏ခြေလှမ်းကို လိုက်ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ပြုစုပျိုးထောင် ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မကြာသေးမီက တရုတ်-BRICSအဖွဲ့ဝင်နိုင်ငံများ AI ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာကို အသစ်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး BRICSအဖွဲ့ဝင်နိုင်ငံများ ပင်လယ်ရေနက်အရင်းအမြစ် နိုင်ငံတကာသုတေသနစင်တာ၊ BRICSအဖွဲ့ဝင်နိုင်ငံများ အထူးစီးပွားရေးဇုန်ဆိုင်ရာ တရုတ်ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ BRICSအဖွဲ့ဝင်နိုင်ငံများ စက်မှုလုပ်ငန်းစွမ်းရည်ဆိုင်ရာ တရုတ်စင်တာ၊ BRICSအဖွဲ့ဝင် နိုင်ငံများ ဒီဂျစ်တယ်လုပ်ငန်း ဂေဟပူးပေါင်းဆောင်ရွက်ရေးကွန်ရက်တို့ကို ဖွဲ့စည်း တည်ထောင်မည် ဖြစ်ကာ ဘက်အသီးသီးတို့မှ ပါဝင်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ ပါသည်။