BRICS ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသစ်ကို မည်သို့ ဖွင့်လှစ်ပေးမည်နည်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံမှ တင်ပြသည့် နည်းလမ်းသည် ဦးတည်ချက်ကို ညွှန်ပြပေး

(GMT+08:00)2024-10-24 16:41:00  

ဒေသ စံတော်ချိန် ယခုလ ၂၃ရက်နေ့က ၁၆ကြိမ်မြောက် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ရုရှား နိုင်ငံ Kazanတွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်း ပြောကြားရာ၌ BRICSကို ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည့် အဓိက လမ်းကြောင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှု တွန်းအားပေးသည့် ရှေ့ပြေးအင်အား အဖြစ် ဖန်တီးသင့်ကြောင်း ပြောကြားသည့်အပြင်၊ ဘက်အသီးသီးတို့အား “ငြိမ်းချမ်းသော BRICS”၊ “ဆန်းသစ် တီထွင် မှုရှိ သော BRICS”၊ “မြစိမ်းရောင် BRICS”၊ “တရားမျှတသော BRICS”နှင့် “လူမှုယဉ် ကျေးမှု BRICS”ကို တည်ဆောက်ရန် အဆိုပြု တိုက်တွန်းပြီး တိကျသော ဆောင်ရွက် ချက်များကို လည်း ကြေညာခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းသည် BRICS ပူးပေါင်းဆောင်ရွက်ရေး အတွက် ကမ္ဘာတွင် ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ညွှန်ပြပေးပြီး တရုတ် နိုင်ငံ၏ အမြဲတမ်း ဦးဆောင်မှု အခန်းကဏ္ဍကို ပြသကာ BRICS ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် နည်းလမ်းကို ပံ့ပိုးပေးနေသည်။

တရုတ် နိုင်ငံမှ တင်ပြထားသော BRICS တည်ဆောက်ရေး ဆိုင်ရာ အကြံပြုချက် ၅ချက် သည် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတုယူရေး စသည့် ကဏ္ဍများကို မူတည်ပြီး တရုတ် နိုင်ငံမှ တင်ပြထားသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များ၊ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး အတွေ့အကြုံများနှင့် BRICS ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မျှော်လင့်ချက်နှင့် ပေါင်းစပ်ထားသည်။ ယင်းသည် BRICSနိုင်ငံများ၏ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်း အတွက် အထောက်အကူပြုသည့် အပြင်၊ BRICS ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သမိုင်းပေး မေးခွန်းကို ပိုမိုကောင်းမွန်စွာ ဖြေကြားပေးနိုင်သည်။

BRICSတည်ထောင်ခဲ့သည့် ၁၈နှစ်တွင် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ၏ ရှေ့ပြေး လမ်းပြသူ ဖြစ်လာသည်။ ယင်းသည် BRICSက ကမ္ဘာ့ ဖွံဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့် လိုက်လျောညီထွေ ဖြစ်စေပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရှာကြံသည့်၊ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သည့် ဘုံလိုအပ်ချက်များကို ရောင်ပြန်ထင်ဟပ် နေကြောင်းကို ပြဆိုနေသည်။ အနာဂတ်တွင် ကမ္ဘာကြီး ဝင်ရိုးစုံ တိုးတက်ခြင်း အခြေအနေ သစ်နှင့် စစ်အေးသစ် စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီး BRICSနိုင်ငံများ အနေနှင့် ပိုပြီးတော့ သဘောကွဲလွဲမှုများကို ဘေးဖယ်ထားကာ သဘောတူညီမှုများကို ရှာကြံ၍ ပူးပေါင်း ဆောင်ရွက်ပြီး BRICSပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ်ကို ဖန်တီးပေးကာ သာယာလှပသော ကမ္ဘာကို တည်ဆောက်ရေး အတွက် ကျောရိုးမဏ္ဍိုင် ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။