အောက်တိုဘာလ ၂၃ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နယ်နိမိတ်နှင့် ပင်လယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Hong Liang နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့် အိုရှင်နီယာ ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Hiroyuki Nama တို့ သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တရုတ်-ဂျပန် ပင်လယ်ရေကြောင်းရေးရာ အဆင့်မြင့် ညှိနှိုင်းရေး ယန္တရား၏ ၁၇ ကြိမ် မြောက် ဆွေးနွေးပွဲကို ပူးတွဲ ကျင်းပခဲ့ပါသည်။
နှစ်ဖက်တို့သည် မျက်နှာစုံညီအစည်းအဝေးနှင့် ပင်လယ်ရေကြောင်းကာကွယ်ရေး၊ ပင်လယ်ရေကြောင်း ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး၊ ပင်လယ်ရေကြောင်းစီးပွားရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၃ဖွဲ့ အစည်းအဝေးတို့ ကို ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား ပင်လယ် ရေကြောင်းဆိုင်ရာ ကိစ္စရပ်များ အပေါ် ပွင့်လင်းမြင်သာစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။