ဒေသ စံတော်ချိန် ယခုလ ၂၃ရက်နေ့က China Media Groupနှင့် All-Russia State Television and Radio Broadcasting Companyတို့ ပူးတွဲ ဦးစီးကျင်းပသော BRICSနိုင်ငံများ Kazan မီဒီယာ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။ “ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတုယူရေး၊ အေးအတူပူအမျှဖြစ်ရေး”ဟူသော ဆောင်ပုဒ်ဖြင့် BRICSနိုင်ငံ များမှ အစိုးရ အရာရှိများနှင့် အဓိက မီဒီယာများမှ တာဝန်ခံများသည် BRICSနိုင်ငံများ၏ ခေတ်မီရေး အကြောင်းများကို ကောင်းမွန်စွာ မိတ်ဆက်ဖော်ပြခြင်းနှင့် တစ်ကမ္ဘာလုံးအား ပကတိ အတိုင်း ဘက်စုံ တရားမျှတသော သတင်းများ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ပြီး အနာဂတ်တွင် BRICSနိုင်ငံများမှ မီဒီယာများ အကြား သဘောတူညီမှုများကို တစ်ဆင့်တိုး စုစည်းကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ၍ အပြန်အလှန် အတုယူပြီး လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအား ပေးခြင်း အတွက် မီဒီယာ အင်အားကို ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြ ခဲ့ကြသည်။
တရုတ်၊ ရုရှား၊ ဘရာဇီး၊ တောင်အာဖရိက၊ အီဂျစ်၊ အာရပ်စော်ဘွားများ နိုင်ငံ၊ အီရန်၊ ဘယ်လာရုစ် စသည့် နိုင်ငံများက အဓိက မီဒီယာများမှ တာဝန်ခံများ၊ အစိုးရ လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များနှင့် တက္ကသိုလ် ကောလိပ်များမှ တတ်သိပညာရှင်များ သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiongက အမှာစကား ပြောကြားရာတွင် BRICSနိုင်ငံများ သည် BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ Kazanတွေ့ဆုံဆွေးနွေးပွဲ၌ သမ္မတ ရှီကျင့်ဖိန် တင်ပြထားသော ငြိမ်းချမ်းရေး၊ ဆန်းသစ်တီထွင်ရေး၊ မြစိမ်းရောင်၊ တရားမျှတရေး၊ လူမှု ယဉ်ကျေးမှု ဖြစ်သည့် BRICSကြံဆချက် ၅ချက်ကို အဓိကအချက်များ အဖြစ် ထားပြီး BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်များကို ရည်မှန်းချက် အဖြစ် ထားကာ မီဒီယာများ အကြားရှိ ရင်းနှီးသော ပူးပေါင်း ဆောင်ရွက် မှုများကို ပေါင်းကူး တံတား အဖြစ် ထား၍ လက်တွဲ ချီတက်ပြီး BRICS ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပိုမိုများပြားသည့် ရှင်သန်မှုများကို ဖော်ဆောင်ပေးရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။