တရုတ်-ရုရှားသံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့် လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးလှုပ်ရှားမှုကို ရုရှား Kazan တွင် ကျင်းပ

(GMT+08:00)2024-10-23 15:05:17  

အောက်တိုဘာလ ၂၂ ရက်နေ့က China Media Group နှင့် All-Russia State Television and Radio Broadcasting Company တို့ ပူးတွဲကျင်းပသော တရုတ်-ရုရှား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုကို ရုရှားနိုင်ငံ Kazan မြို့တွင် ကျင်းပခဲ့ပါသည်။
    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် မိန့်ခွန်းပြောကြားရာတွင် ၂၀၂၄ ခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်သကဲ့သို့ တရုတ်-ရုရှား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်မြောက်သည့်နှစ်၊ တရုတ်- ရုရှားယဉ်ကျေးမှုနှစ် စတင်သည့်နှစ်လည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-ရုရှား ဆက်ဆံရေးမှာ သမိုင်း အမြင့်ဆုံး အဆင့်အတန်းတွင် တည်ရှိပြီး နိုင်ငံကြီးများအကြား ဆက်ဆံရေး၏ စံနမူနာကို ထူထောင်နိုင်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံတော်အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနအဖြစ် China Media Group သည် တရုတ်-ရုရှားချစ်ကြည်ရေး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုများအား  တွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီနှစ်များတွင် China Media Group သည် ရုရှားပင်မမီဒီယာများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး ရုရှားနိုင်ငံတွင် China Media Group အနှစ်သာရအစီအစဉ်များ ပြသမှုစသည့် လှုပ်ရှားမှုများကို ပူးတွဲကျင်းပပြီး ရုပ်သံအစီအစဉ်များဖြင့် တရုတ်-ရုရှားနှစ်နိုင်ငံ ကူးလူးဖလှယ်ပြီး ပေါင်းသင်း ဆက်ဆံသော ပေါင်းကူးတံတားကို တည်ဆောက်ပေးခဲ့ ကြောင်း၊ တရုတ်-ရုရှား Headlines APP စသည်တို့ဖြင့် ပလက်ဖောင်းများကို ပူးတွဲ တည်ဆောက်ပြီး နိုင်ငံတကာဇာတ်ခုံပေါ်တွင် တရားမျှတသော တောင်းဆိုချက်များကို လက်တွဲ ဖော်ပြခဲ့ကြောင်း၊ China Media Group သည် ရုရှားလုပ်ငန်းပေါင်းစုံနှင့်အတူ တရုတ်-ရုရှားယဉ်ကျေးမှုနှစ်အတွက် လှုပ်ရှားမှုအမျိုးမျိုးကို ကျင်းပမည် ဖြစ်ပြီး တရုတ်- ရုရှားချစ်ကြည်ရေး ပိုမိုထွန်းလင်းတောက်ပလာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။