CGTN ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက် - စီမံအုပ်ချုပ်မှုအပြောင်းအလဲများ ပြုလုပ်ရန် BRICS အဖွဲ့ဝင်နိုင်ငံများ တိုက်တွန်း၊ တရုတ်ဉာဏ်ပညာဖြင့် ပူးပေါင်းဆောင်ရွက်မှု “ဆိုင်းဘုတ်” များကို တောင်ပြောင်လာစေခဲ့

(GMT+08:00)2024-10-23 14:46:53  

“BRICS အဖွဲ့ဝင်နိုင်ငံများကကိုယ်စားပြုနေသည့် ထွန်းသစ်စစျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ စုပေါင်းနိုးထလာခြင်းက ကမ္ဘာ့မြေပုံကို အခြေခံကျကျ ပြောင်းလဲပေးနေသည်။” တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ပြောကြားသကဲ့သို့ပင် “BRICS နိုင်ငံများ၏ တက်ကြွသော၊ တည်ငြိမ်သော၊ ကောင်းရာသို့ဦးတည်နေသော ခွန်အားများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည်။” လျင်မြန်စွာတိုးတက်လာသော “BRICS အင်အား” သည် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုအတွက် ခွန်အားများပိုမိုဖြည့်တင်းပေးနေပြီး ပိုမိုတရားမျှတ၍ကျိုးကြောင်းဆီလျော်မှုရှိသော နိုင်ငံတကာအစီအစဉ် တည်ဆောက်ရေး အတွက် တစိုက်မတ်မတ်လုပ်ဆောင်ကြလိမ့်မည်ဟု စစ်တမ်းဖြေကြားသူများက ကျယ်ကျယ်ပြန့်ပြန့် ယူဆကြကြောင်း China Media Group CGTN နှင့် Renmin University of China တို့ပူးပေါင်း၍ ခေတ်သစ်နိုင်ငံတကာဆက်သွယ်မှုသုတေသနဌာန မှတစ်ဆင့် BRICS နိုင်ငံများမှ ဖြေကြားသူ ၁၆၃၄ ဦးကို ဦးတည်ကောက်ယူခဲ့သည့် ပြည်သူ့သဘောထားစစ်တမ်းကောက်ယူချက်တွင် ဖော်ပြနေသည်။

ဖွံ့ဖြိုးတိုးတက်ရေးတောင်းဆိုချက်များကို လျစ်လျူရှုရန်ငြင်းဆန်၊ ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုကို အရှိန်မြှင့်တင် ပြုပြင်ပြောင်းလဲရန် မျှော်လင့်နေ

စစ်တမ်းတွင် ဖြေကြားသူ ၉၆.၂% က နိုင်ငံအသီးသီးသည် နိုင်ငံတကာအရေးကိစ္စများတွင် တန်းတူညီမျှ ပါဝင်ဆောင်ရွက်သင့်ပြီး နိုင်ငံတကာစနစ်နှင့် အစီအစဉ်ကို အတူတကွထူထောင်သင့်သည်ဟု ယူဆကြသည်။ လက်ရှိတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အဓိက ဦးဆောင်နေသည့် နိုင်ငံတကာအစီအစဉ်နှင့် စည်းမျဉ်းများကို လိုအပ်သောပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် စစ်တမ်းဖြေကြားသူ ၇၂.၆% က ထောက်ခံသည်။ စစ်တမ်းဖြေကြားသူ ၈၃.၉% က “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ၏ အကျိုးစီးပွားနှင့် တောင်းဆိုချက်များကို ပိုမိုအာရုံစိုက်ရန် ကုလသမဂ္ဂကို တိုက်တွန်းကြသည်။

အစီအမံသုံးရပ်က ကျယ်ပြန့်သောသဘောတူညီမှုဖြစ်လာပြီး တရုတ်နည်းလမ်းများကို “BRICS” က ပိုမိုမျှော်လင့်လျက်ရှိ

တရုတ်အသွင်ပုံစံခေတ်မီမှု ဖွံ့ဖြိုးတိုးတက်ရေးအယူအဆကို BRICS နိုင်ငံများမှ စစ်တမ်းဖြေကြားသူများက များစွာအသိအမှတ်ပြုကြသည်။ ဖွံ့ဖြိုးတိုးတက်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကတာဝန်ဖြစ်သည်ကို စစ်တမ်းဖြေကြားသူ ၈၉.၄% က သဘောတူလက်ခံကြသည်။ စစ်တမ်းဖြေကြားသူ ၈၈.၆% က “လူထုဗဟိုပြု” ဖွံ့ဖြိုးတိုးတက်ရေးအယူအဆကို ချီးကျူးကြပြီး နိုင်ငံအသီးသီးက ပြည်သူလူထုဘဝကို အာမခံချက်ရှိစေပြီး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းကာ ပြည်သူလူထု၏ ပျော်ရွှင်ချမ်းမြေ့မှုခံစားချက်များ မြင့်မားလာစေရန် ဆောင်ရွက်သင့်သည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူ ၉၃.၆% က လုပ်ဆောင်ချက်ကိုဦးတည်သည့် လုပ်နည်းလုပ်ဟန်ကို သဘောတူကြပြီး နိုင်ငံအသီးသီးအား နက်ရှိုင်းစွာ လက်တွေ့ပူးပေါင်းဆောင်ရွက်ရန်၊ တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူလုပ်ဆောင်ကြရန် တိုက်တွန်းကြသည်။ စစ်တမ်းဖြေကြားသူ ၈၉.၈% က တရုတ်နိုင်ငံမှအဆိုပြုသော ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးသည့် မဟာဗျူဟာကို လက်ခံကြပြီး နိုင်ငံအသီးသီးအား နည်းပညာတော်လှန်ရေးသစ်၏ အခွင့်အလမ်းသစ်များကို ဆုပ်ကိုင်ကာ စီးပွားရေးတိုးတက်စေသည့် ခွန်အားသစ်များကိုရှာဖွေရန် မျှော်လင့်ကြသည်။