တရုတ်နှင့် အိန္ဒိယတို့သည် နယ်နိမိတ်ပြဿနာ ဖြေရှင်းရေးနည်းလမ်း နှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိနေပြီဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-10-23 11:40:05  

အောက်တိုဘာလ ၂၂ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ပုံမှန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ တရုတ်-အိန္ဒိယ နယ်နိမိတ် ပြဿနာ နှင့်ပတ်သက်သည့် သတင်းထောက်တစ်ဦး၏မေးခွန်းကို ဖြေကြားရာ တွင် လင်ကျန့် က မကြာခင်ရက်များအတွင်း တရုတ်နှင့် အိန္ဒိယ နှစ်ဖက်တို့သည် သံတမန်နှင့် စစ်ရေး လမ်းကြောင်းများမှတစ်ဆင့် တရုတ်-အိန္ဒိယ နယ်နိမိတ်ပြဿနာ ဆိုင် ရာ ကိစ္စ ရပ်များနှင့်ပတ်သက်ပြီး နီးကပ်စွာ ဆက်သွယ်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ပြဿနာများ ဖြေရှင်း ရေး နည်းလမ်း နှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်ပြီး တရုတ်ဘက်သည် အိန္ဒိယနှင့် အထက်ပါ ဖြေရှင်းရေးနည်းလမ်းကို အကောင်အထည် ဖော်ဆောင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ သတင်းများ ကို တရုတ်ဘက်က အချိန်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။