ရှီကျင့်ဖိန်နှင့် ပူတင် တွေ့ဆုံ

(GMT+08:00)2024-10-23 10:10:56  

ဒေသ စံတော်ချိန် ယခုလ ၂၂ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် Kazanရှိ ကရင်မလင် နန်းတော်တွင် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ရုရှား သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့် နှစ် ဖြစ်ကြောင်း၊ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု ရောနှောသော နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်နေရသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေး စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပြုလုပ်ပြီး အကြီးစား လုပ်ငန်း အစီအစဉ်များ တည်ငြိမ်စွာ လည်ပတ်နေကြောင်း၊ နှစ်ဖက်တို့သည် Belt and Road အတူတည်ဆောက်ရေး အဆိုပြုချက်နှင့် ယူရိုအေးရှား စီးပွားရေး မဟာမိတ် အဖွဲ့ စီမံကိန်း အကြား နက်ရှိုင်းစွာ ချိတ်ဆက်မှုကို ဆက်လက် ဖော်ဆောင်ပြီး နှစ်နိုင်ငံတို့၏ စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး အတွက် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။

        ထို့အပြင်၊ ရှီကျင့်ဖိန်က BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ နှင့်  BRICS ပူးပေါင်းဆောင်ရွက်‌ရေး စနစ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးပြီး ဘက်အသီးသီးတို့၏ သဘောတူညီမှုများကို စုစည်းကာ နယ်ပယ် အသီးသီးတွင် BRICSနိုင်ငံများ၏ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး၍ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ အတွက် ပိုမိုများပြားသည့် အခွင့်အလမ်းသစ်များကို ဖန်တီးပေးရန် တရုတ် နိုင်ငံက မျှော်လင့်ကြောင်း လည်း ပြောကြားခဲ့သည်။

ပူတင်က ရုရှား နိုင်ငံသည် တရုတ် နိုင်ငံနှင့် ရင်းနှီးသော အဆင့်မြင့် ကူးလူးဖလှယ်မှုနှင့် နိုင်ငံတကာ ရေးရာများတွင် မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှု များကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်း၊ ရုရှားသည် တရုတ် နိုင်ငံနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ယခုအကြိမ် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အားမခံပေးပြီး BRICSပူးပေါင်းဆောင်ရွက်‌ရေးတွင် အပြုသဘောဆောင်သော အကျိုးရလဒ်များ အဆက်မပြတ် ရရှိနိုင်ရန် တွန်းအားပေးလိုကြောင်းလည်း ပြောကြားခဲ့ သည်။