ဒေသစံတော်ချိန် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံမှ ထောက်ပံ့ပေးသည့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆေးဘက်ဆိုင်ရာပစ္စည်းများသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ Rafik Hariri အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ လက်ဘနွန်ဆိုင်ရာ တရုတ်သံရုံးမှအဆိုအရ ၎င်းထောက်ပံ့ရေးပစ္စည်းများမှာ ထုံဆေး၊ တစ်ခါသုံး endotracheal intubations၊ ခွဲစိတ်ခန်းသုံး ၀တ်စုံများနှင့် လက်ဘနွန်နိုင်ငံ၌ အရေးပေါ်လိုအပ်နေသည့် အခြားသော ဆေးဘက်ဆိုင်ရာပစ္စည်းများ အပါအဝင် စုစုပေါင်း ၅၈ တန်ရှိကြောင်း သိရပါသည်။
လက်ဘနွန်အား တရုတ်နိုင်ငံမှထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာပစ္စည်း ၅၈ တန် ဘေရွတ်မြို့သို့ ရောက်ရှိ
(GMT+08:00)2024-10-23 11:47:28