ရှီကျင့်ဖိန်သည် လာအို ပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ လာအို သမ္မတ သွန်လွန်နှင့် တွေ့ဆုံ

(GMT+08:00)2024-10-23 10:17:41  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၂ ရက်နေ့ညက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Kazan မြို့၌ လာအို ပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ လာအိုသမ္မတ သွန်လွန်နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့် အပြန်အလှန် ကူးလူးဆက်ဆံရေးနှင့် အပြန်အလှန် သင်ယူလေ့လာရေးကို အားဖြည့်ပြီး တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွားများနှင့် အရေးကြီး ရေးရာများတွင် ပြတ်ပြတ်သားသား အပြန်အလှန် ထောက်ခံလိုကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-လာအို ရထားလမ်းနှင့် တရုတ်-လာအို စီးပွားရေး စင်္ကြံ တည်ဆောက်မှုကို ဆက်လက် အားဖြည့် ဆောင်ရွက်မည် ဖြစ်ပြီး Belt and Road လက်တွဲ တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး စံနမူနာကို လက်တွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လာအိုနိုင်ငံမှ ပိုမို များပြားသော အရည်အသွေးကောင်း လယ်ထွက်ကုန်များကို တင်သွင်းလိုပြီး ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ရေးရာ စသည့်နယ်ပယ်များမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးလို ကြောင်း ပြောကြားခဲ့ပါသည်။

   သွန်လွန်က လာအိုနိုင်ငံ အစိုးရနှင့် ပါတီတို့သည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူကို ဦးလည်မသုန် စွဲကိုင်မည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အမြုတေ အကျိုးစီးပွားများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်း ရေးရာများတွင် တရုတ် နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ဦးလည်မသုန် ထောက်ခံမည် ဖြစ်ကြောင်း၊ လာအိုနိုင်ငံသည် အာဆီယံ အပါအဝင် နိုင်ငံစုံ ပလက်ဖောင်းများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။