တရုတ်ကိုယ်စားလှယ်က တစ်ဖက်သတ် အကျပ်ကိုင်မှုကို ဆန့်ကျင်ပြီး သက်ဆိုင်ရာနိုင်ငံများအနေနှင့် ချက်ချင်း ဖျက်သိမ်းရန် ပန်ကြား

(GMT+08:00)2024-10-23 11:39:45  

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Fu Cong သည် အောက်တိုဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ၌  တစ်ဖက်သတ် အကျပ်ကိုင် ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ပူးတွဲမိန့်ခွန်းပြောကြားခဲ့ရာ တစ်ဖက်သတ် အကျပ်ကိုင်မှုကို ဆန့်ကျင်ကြောင်း ထပ်လောင်းပြောကြားပြီး သက်ဆိုင်ရာ နိုင်ငံများအနေနှင့် ချက်ချင်း ဖျက်သိမ်းရန် တရုတ် ကိုယ်စားလှယ် က ပန်ကြားခဲ့သည်။

Fu Cong က ယင်း တစ်ဖက်သတ် အကျပ်ကိုင်မှုများသည် အချုပ်အခြာအာဏာ တန်းတူရည်တူ ဖြစ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူများကို ချိုးဖောက်ပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက် ကြောင်း၊ ယင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ရည်မှန်းချက်များနှင့် မူများ၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကာ နိုင်ငံစုံဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ မူများနှင့် မကိုက်ညီကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့သည် စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ကူညီထောက်ပံ့မှုများကို အားကောင်းစေသင့်ပြီး၊ ထိပ်တိုက်ရင်ဆိုင်မှုနှင့် ကွဲလွဲမှုများကို ဆန့်ကျင်ကာ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းရင်ဆိုင်ကြရင်း လူအားလုံးတို့၏ လူ့အခွင့် အရေးကို မြှင့်တင်ကာကွယ်ပေးသင့်ကြောင်း ပြောကြားခဲ့ သည်။