အောက်တိုဘာလ ၂၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Lương Cường အား သဝဏ်လွှာပေးပို့ပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခြင်းအပေါ် ဂုဏ်ပြုကြောင်းဖော်ပြခဲ့ပါသည် ။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ပြီးခဲ့သည့်နှစ်များက ကျွန်တော်သည် ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်ရဲဘော်များနှင့် နီးကပ်သော မဟာဗျူဟာမြောက် ဆက်ဆံမှုကို ထိန်းထားပြီး တရုတ်-ဗီယက်နမ်ဆက်ဆံမှုကို မဟာဗျူဟာအရ ကံကြမ္မာတူ အသိုက်အဝန်းခေတ်သစ်သို့ ဝင်ရောက်ရန် လက်တွဲ ဦးဆောင်ခဲ့ကြကြောင်း၊ ကျွန်တော်အနေနှင့် တရုတ်-ဗီယက်နမ် ဆက်ဆံမှုဖွံ့ဖြိုးရေအပေါ် အလွန်အလေးထားပြီး၊ သမ္မတ Lương Cường နှင့်အတူ တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေး နက်ရှိုင်းစေရန် ဦးဆောင် ပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုအကျိုးဖြစ်ထွန်းသွားလိုကြောင်း ရေးသားဖော်ပြထားသည် ဟု ဆင်ဟွာ သတင်းအရသိရပါသည်။