၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်က တရုတ်နိုင်ငံသည် Taiyuan ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် Long March-6 သယ်ဆောင်ဒုံးပျံကို အသုံးပြုပြီး Tianping-3 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကာ၊ ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းကြောင်းသို ဝင်ရောက်၍ လွှတ်တင်ရေးမစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါသည်။ ယင်းဂြိုဟ်တုကို မြေပြင်ရေဒါ ကိရိယာများ ချိန်ညှိခြင်းနှင့် RCS တိုင်းတာခြင်းများတွင် အဓိကအသုံးပြုပြီး လေထုနှင့် အာကာသ ပတ်ဝန်းကျင် တိုင်းတာခြင်း၊ ပတ်လမ်း၊ခန့်မှန်းချက်ပုံစံ ပြုပြင်ခြင်းအတွက် ဝန်ဆောင်ပေး ပါသည်။ ဤမစ်ရှင်သည် Long March စီးရီးသယ်ဆောင်ဒုံးပျံ၏ ၅၄၁ ကြိမ်မြောက် ပျံသန်းမှုဖြစ်သည်ဟု သတင်းအရသိရပါသည်။