အောက်တိုဘာလ ၂၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာရုံး ဥက္ကဋ္ဌ ဝမ်ယိသည် ကမ်းလှမ်းချက်အရ တရုတ်-ဂျပန် အဆင့်မြင့် နိုင်ငံရေးဆွေးနွေးပွဲ၏ ဂျပန်ဘက် ခေါင်းဆောင်၊ ဂျပန်နိုင်ငံ လုံခြုံမှု ကာကွယ်ရေး ဦးစီးဌာန အာကီဘာကန်မန်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
ဝမ်ယိက ရှီဂေရူ အီရှီဘာ အစိုးရ တည်ထောင်ခဲ့သည့်နောက်ပိုင်း တရုတ်နှင့် ဂျပန် ဆက်ဆံရေးသည် တည်ငြိမ်စွာ စတင် နိုင်ခဲ့ကြောင်း၊ ဂျပန် နိုင်ငံ အနေနှင့် တရုတ်နိုင်ငံ၏ အမြုတေကျသော အကျိုးစီးပွားများကို လေးစားပြီး တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေး ကတိပြုချက်ကို လိုက်နာနိုင်ရန်၊ တရုတ်နှင့် ဂျပန်တို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ရေးနှင့် အပြန်အလှန် ခြိမ်းခြောက်မှု မဖြစ်စေရေးမူကို စွဲကိုင်ရန်၊ တစ်ဖက်သား၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးမှုအား ထောက်ခံရေးကို စွဲကိုင်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ ခိုင်ခံ့မှုကို ထိန်းသိမ်းကာကွယ်ရန်၊ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်သန်မှုအသစ်ကို ထည့်သွင်းပေးပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအတွက် တရုတ်နှင့်ဂျပန်တို့၏ အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
အာကီဘာကန်မန်က ဂျပန်နိုင်ငံသည် ဂျပန်နှင့်တရုတ် မဟာဗျူဟာ အပြန်အလှန် အကျိုးရှိ စေရေး ဆက်ဆံမှုကို ဘက်စုံ တွန်းအားပေးရေးနှင့် အပြုသဘောဆောင်ပြီး တည် ငြိမ် သော နှစ်နိုင်ငံ ဆက်ဆံမှု တည်ဆောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် နေကြောင်း ပြောကြားခဲ့ပါသည်။