အမေရိကန်နှင့် ကနေဒါသင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခြင်း နှင့် ပတ် သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန တုံ့ ပြန်ပြောကြား

(GMT+08:00)2024-10-22 11:04:01  

အောက်တိုဘာလ ၂၁ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့သည်။ အောက်တိုဘာလ ၂၀ ရက်နေ့က အမေရိကန် ဖျက်သင်္ဘော Higgins ၊ ကနေဒါ အစောင့်အကြပ် သင်္ဘော Vancouver တို့သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကာ၊  ယင်းကိစ္စကို လူသိရှင်ကြား သတင်းဖြန့်ခဲ့ကြခြင်းနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်က မည်သို့ သုံးသပ်သနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။

င်းနှင့်ပတ်သက်ပြီး လင်ကျန့်က အမေရိကန်နှင့် ကနေဒါသင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခြင်းနှင့်ပတ်သက်ပြီး အရှေ့စစ်နယ်က တုံ့ပြန် ပြောဆို ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော တစ်စိတ် တစ်ပိုင်းဖြစ်ပြီး ထိုင်ဝမ်ရေးရာသည် လွတ်လပ် စွာ ရေကြောင်း သွားလာခြင်း ရေးရာ မဟုတ်ဘဲ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေ ပြည့်စုံရေးဆိုင်ရာ အကြောင်း ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံဖြစ်စေ လွတ်လပ်စွာ ရေကြောင်း သွားလာခြင်းကို အကြောင်းပြုပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံမှုကို ရန်စ ခြိမ်းခြောက်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်း အလေးထားပြောကြားခဲ့ သည်။