ယခုလ ၂၂ရက်နေ့မှ ၂၄ရက်နေ့ အထိ BRICSနိုင်ငံခေါင်းဆောင်များအစည်းအဝေး ၁၆ကြိမ်မြောက်တွေ့ဆုံပွဲကို ရုရှား နိုင်ငံ Kazanတွင် ကျင်းပမည် ဖြစ်သည်။ တရုတ် နိုင်ငံ တော် သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ တွေ့ဆုံပွဲသို့ တက်ရောက်မည် ဖြစ်သည်။ ယင်းသည် BRICS အဖွဲ့ဝင် နိုင်ငံ တိုးပွားလာသည့် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ထိပ် သီး အစည်းအဝေး ဖြစ်ပြီး BRICSပူးပေါင်းဆောင်ရွက်မှု အတွက် အခန်းကဏ္ဍသစ်ကို ဖွင့် လှစ်မည် ဖြစ်သည်။ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၀ကျော်မှ ထိပ်သီး ခေါင်း ဆောင် များသည် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို တိုင်ပင်ဆွေးနွေးကြ မည် ဖြစ်သည်။
လက်ရှိ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု ရောနှောနေသော နိုင်ငံတကာ အခြေအနေမျိုးတွင် BRICSသည် ကမ္ဘာအတွက် မည်သို့ အကျိုး ရှိနိုင်မည်နည်း။ လက်ရှိအချိန်တွင် တစ်ဖက်က ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်အောင် လုပ်ဆောင်ခြင်းကို ရင်ဆိုင် နေပြီး နိုင်ငံကြီး အချို့သည် ပထဝီ အနေအထား အရ နိုင်ငံရေး ရည်ရွယ်ချက် အတွက် ထွန်းသစ်စ ဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဖိနှိပ်ဟန့်တားကာ အုပ်စုအလိုက် ထိပ်တိုက်ရင်ဆိုင်မှုကို ဖန်တီးနေသည်။ နောက်တစ်ဖက် ကတော့ ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ၏ ရှင်သန်ဖွံ့ဖြိုးတိုးတက်ခြင်းသည် ခေတ်ရေစီးကြောင်း ဖြစ်လာသည်။ ယင်းသို့ အခြေအနေမျိုးတွင် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အတူ ညှိနှိုင်းဆွေးနွေးပြီး ဖွံ့ဖြိုးတိုးတက်မှုကို အတူ စူးစမ်းရှာကြံကြသည့် အရေးကြီးသော ပလက်ဖောင်း ဖြစ်သည့် BRICSပူးပေါင်းဆောင်ရွက်မှု စနစ်မှ စွဲကိုင်ထားသော တံခါးဖွင့်မှု၊ ဘက်ပေါင်းစုံ ပါဝင်စေခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေခြင်း ဖြစ်သည့် BRICSစိတ်ဓာတ်သည် တောင်ဘက်ခြမ်း နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေး အတွက် စံနမူနာ ဖြစ်လာသည်။
တစ်ချိန်တည်းတွင် ယင်း ပူးပေါင်းဆောင်ရွက်ရေး စနစ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ချက်နှင့် လိုက်လျော ညီထွေ ဖြစ်စေသည်။ BRICSနိုင်ငံများသည် ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ်ကို အမြဲတမ်း စွဲကိုင်ထား သည်။ ယင်းသည် တစ်ကမ္ဘာလုံး ဆိုင်ရာ ကုန်ထုတ်လုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်၏ တည်ငြိမ်မှုနှင့် အဟန့်အတား မရှိခြင်းကို အားကောင်းစွာ ထိန်းသိမ်းကာကွယ်ပေးပြီး အားလုံးပါဝင်ပြီး အကျိုးရရှိနိုင်သည့် စီးပွားရေး ဂလိုဘယ် လိုက်ဇေးရှင်းကို တိုးမြှင့်ခဲ့သည်။
ထို့အပြင်၊ BRICSပူးပေါင်းဆောင်ရွက်ရေး စနစ်သည် တစ်ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲရေးတွင် နိုင်ငံများစွာ ပါဝင်ဆောင်ရွက်ရန် အတွက် ပလက်ဖောင်းနှင့် အခွင့်ကောင်းများကို ဖန်တီးပေးသည်။ စစ်အေး အတွေးအခေါ်နှင့် တစ်ဖက်သတ် ဝါဒ ဦးမော့လာနေသည့် အခြေအနေမျိုးတွင် BRICSနိုင်ငံများသည် ကုလသမဂ္ဂ ရည်မှန်းချက်နှင့် အခြေခံမူကို အမြဲတမ်း ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေး နည်းလမ်းဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများကို ဖြေရှင်းရန် အားထုတ်ကြိုးပမ်းကြသည်။ ယင်းသည် ကမ္ဘာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီသည်။
တရုတ် နိုင်ငံနှင့် အခြား BRICSနိုင်ငံများ၏ လက်တွဲ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ယခုအကြိမ် ထိပ်သီး အစည်းအဝေးသည် မတည်မငြိမ် ဖြစ်နေသော ကမ္ဘာအတွက် ပိုမို များပြားသော တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော အင်အားများကို ဖော်ဆောင်ပေး ပြီး ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တစ်ဆင့် တိုးမြှင့်မည် ဖြစ်သည်။ BRICS ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့အလားအလာ အပေါ် မျှော်လင့်ချက် အပြည့်အဝ ရှိသည်။