ရုရှားနိုင်ငံသမ္မတ ပူတင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် BRICSနိုင်ငံခေါင်းဆောင်များ အစည်း အဝေး ၁၆ကြိမ်မြောက် တွေ့ဆုံပွဲသို့ တက်ရောက်ရန် အောက်တိုဘာလ ၂၂ရက်နေ့ နံနက်ပိုင်း က အထူးလေယာဉ်ဖြင့် Kazanသို့ ခရီး ထွက်ခွားသွား ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟိုကော်မတီရုံး ဥက္ကဋ္ဌ Cai Qi၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည်လည်း ရှီကျင့်ဖိန်နှင့် အတူ လိုက်ပါသွားခဲ့ကြပါသည်။