ဒေသစံတော်ချိန် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ၁၂ ရက်ကြာ ပြုလုပ်မည့် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင် နိုင်ငံများ ၁၆ ကြိမ်မြောက်ညီလာခံ (COP16) ဖွင့်ပွဲအခမ်းအနားကို ကိုလံဘီယာနိုင်ငံ ကာလီမြို့၌ ကျင်းပခဲ့ ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ ကိုလံဘီယာသမ္မတ ပယ်ထရို နှင့် တရုတ်ဂေဟဗေဒနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဟွမ်ရွင့်ချိုး တို့က ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ကြပါသည်။ ယခုအကြိမ်ညီလာခံတွင် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် "ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံး ဆိုင်ရာ ဇီဝ မျိုးစုံမျိုးကွဲမူဘောင် သဘောတူညီချက်" နှင့် ကိုက်ညီပြီး ရှင်းလင်းပြတ်သားသော လုပ်ဆောင်မှု အစီအစဉ်များကို တင်ပြမည်ဖြစ်ကာ သက်ဆိုင်ရာ ကြီးကြပ်စောင့်ကြည့်ရေး ယန္တရားကိုလည်း ချမှတ်မည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင် နိုင်ငံများ ၁၆ ကြိမ်မြောက် ညီလာခံကို ကိုလံဘီယာနိုင်ငံတွင် ဖွင့်လှစ်
(GMT+08:00)2024-10-22 10:45:25