ယူကရိန်းအား စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၀၀ ထောက်ပံ့ပေးမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဆို

(GMT+08:00)2024-10-22 10:44:48  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၁ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်သည် ယူကရိန်းနိုင်ငံ Kiev မြို့တော်၌ ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးစဉ် အမေရိကန်အနေဖြင့် ယူကရိန်းနိုင်ငံအား အသစ်တစ်ကြိမ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၀၀ ထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ ရန်ပုံငွေများ ကို ယူကရိန်းနိုင်ငံအတွက် ခဲယမ်းမီးကျောက်များ၊ စစ်သုံးပစ္စည်းများနှင့် လက်နက်များ ထောက်ပံ့ပေးရန် အသုံးပြုမည် ဖြစ်ပါသည်။