ဂျာမဏီ ဝန်ကြီးချုပ် Scholz သည် အီယူ၏ တရုတ် EV ကားများအပေါ် အခွန် တိုးကောက်ခြင်းကို ဆန့်ကျင်ဟု ထပ်လောင်း ပြောကြား

(GMT+08:00)2024-10-22 11:03:43  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၁ ရက်နေ့က ဂျာမဏီ ဝန်ကြီးချုပ် Scholzသည် ပါဝါဘက်ထရီ ပြန်လည် အသုံးပြုရေး စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့စဉ် တရုတ်နိုင်ငံသည် EV ကားနယ်ပယ်တွင် အလွန် ထူးချွန်ကြောင်း ပြောကြားခဲ့ ပြီး ဂျာမဏီနိုင်ငံသည် တရုတ် EV ကားများအပေါ် အခွန် တိုးကောက်မှုကို  ဆန့်ကျင်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ Scholzက အဆိုပါ ကုန်သွယ်မှု ကာကွယ်ရေးလုပ်ရပ်သည် ဂျာမဏီနိုင်ငံကိုသာ ထိခိုက်မည်ဖြစ်ကြောင်း၊ ဂျာမဏီအစိုးရသည် EV ကား charging station များကို ဆက်လက် တည်ဆောက်ပြီး စွမ်းအင် တည်ငြိမ်စွာ ထောက်ပံ့မှုကို အာမခံပေးကာ အီယူ၏ EV ကားဆိုင်ရာ အခြေခံ အဆောက်အအုံများ ပိုမို လျင်မြန်စွာ တည်ဆောက်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။