ရုရှားနိုင်ငံအားအကူအညီပေးရန် မြောက်ကိုရီးယားက စစ်သားများ စေလွှတ်ခြင်းကို ကန့်ကွက်သည့် အနေနှင့် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြန်လည် ဆင့်ခေါ်

(GMT+08:00)2024-10-22 13:38:31  

ရုရှားနိုင်ငံအား အကူအညီပေးရန် မြောက်ကိုရီးယားက စစ်သားများ စေလွှတ်ခြင်းကို ကန့်ကွက် သည့် အနေနှင့် ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည် ဆင့်ခေါ်ခဲ့ကြောင်း သိရပါသည်။

ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့ညက တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီ ဖြစ်သည့် National Intelligence Service မှ သတင်းအရ မြောက်ကိုရီးယားသည် စစ်ပွဲတွင်ပါဝင်ရန် တပ်မဟာ ၄ ခုမှ အထူးစစ်ဆင်ရေးတပ်သား ၁၂၀၀၀ ကို ရုရှားသို့စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊  တောင်ကိုရီးယားသမ္မတ Yoon Seok-yue သည် ထိုနေ့တွင် အရေးပေါ် လုံခြုံရေးအစည်းအဝေးကို ဦးစီးကျင်းပခဲ့ကြောင်း၊ တောင်ကိုရီးယားသည် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယား၏ တပ်ဖွဲ့ စေလွှတ်မှုအပေါ် အမြဲဂရုပြုပြီး ဖြစ်ပေါ်လာမည့်  ကိစ္စရပ်တွေကို တုံ့ပြန်ဆောင်ရွက်သွားမည်ဟု တောင်ကိုရီးယား သမ္မတရုံးက ပြောကြားခဲ့ကြောင်း သတင်းအရ  သိရှိရသည်။