မတည်ငြိမ်မှုများပိုမိုပြင်းထန်လာပြီး ပြန်လည်ဦးမော့မှု အားလျော့လာသောအခါ ကမ္ဘာကြီးက ဘယ်ဆီကိုသွားမလဲ။ BRICS နိုင်ငံများက ၎င်းတို့၏အဖြေကို ပေးလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေး ကျင်းပတော့မည့် အခါသမယတွင် China Media Group CGTN က တစ်ကမ္ဘာလုံးမှ အင်တာနက်အသုံးပြုသူများအပေါ် သဘောထားစစ်တမ်းကောက်ယူရာ၌ စစ်တမ်းဖြေကြားသူအများစုက BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် ပြန်လည်ဦးမော့မှုစွမ်းရည်အားလျော့နေသော ကမ္ဘာ့စီးပွားရေးနှင့် ရှုပ်ထွေးခက်ခဲသော ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုအတွက် ပိုမိုများပြားသည့် တွန်းအားများ ထည့်သွင်းပေးရန် မျှော်လင့်နေကြသည်။
BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ထွန်းသစ်စ ဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စုလိုက် တိုးတက်လာသည့် ခေတ်ရေစီးကြောင်းကြားတွင် ပေါ်ထွက်လာခဲ့သည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယနေ့တွင် အလွှာပေါင်းစုံသော၊ ကဏ္ဍပေါင်းစုံသော၊ ဘက်စုံသော ပူးပေါင်းဆောင်ရွက်မှုဖွဲ့စည်းပုံအဖြစ် ဖြစ်တည်လာပါပြီ။ လတ်တလောနှစ်ပိုင်းတွင် BRICS နိုင်ငံများက ဖွံ့ဖြိုးတိုးတက်မှုဘဏ်သစ် (New Development Bank)၊ အရေးပေါ်တုံ့ပြန်မှုအရံငွေစီစဉ်မှု စသည်တို့ကို ထူထောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်နှင့် အခွင့်အလမ်းများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကိုအကျိုးပြုရန် ဖော်ဆောင်လျက်ရှိသည်။ စစ်တမ်းကောက်ယူရာတွင် စစ်တမ်းဖြေကြားသူပေါင်း ၉၂.၈၇% က အဆိုပါယန္တရားသည် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုက်သည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၉၄.၂% က BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ အကျိုးသက်ရောက်မှုသည် အဆက်မပြတ် တိုးချဲ့လာနေသည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၉၄.၁% ကမူ ထွန်းသစ်စ စီးပွားရေးအုပ်စုနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုယန္တရား အနေဖြင့် BRICS နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် ပိုမိုများပြားသည့် စွမ်းအားများ ထည့်သွင်းပေးလိုက်သည်ဟု ဆိုကြသည်။
ကာလကြာရှည်စွာ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တံခါးဖွင့်သော၊ အားလုံးပါဝင်သော၊ ပူးပေါင်းဆောင်ရွက်သော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော BRICS စိတ်ဓာတ်ကို တက်တက်ကြွကြွ လက်တွေ့ဖော်ဆောင်လျက်ရှိပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်သည့် အရေးပါအင်အားအဖြစ် တစ်နေ့တခြားဖြစ်လာပါသည်။ ၎င်းအပေါ် စစ်တမ်းဖြေကြားသူပေါင်း ၈၉.၆% က BRICS ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် ပိုမိုတရားမျှတသော၊ ဒီမိုကရေစီဆန်သော၊ သဘောတရားကျသော နိုင်ငံတကာအစီအစဉ် တည်ဆောက်ရန်အထောက်အကူပြုသည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၉၁.၆၅% က တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် တရုတ်အသွင်ပုံစံခေတ်မီမှု၏ ဖွံ့ဖြိုးတိုးတက်မှု အယူအဆနှင့် အတွေ့အကြုံများသည် ထွန်းသစ်စဈေးကွက်နိုင်ငံများက ခေတ်မီမှုဖော်ဆောင်ရန်အတွက် လေ့လာသင်ယူကိုးကားရန် အရေးပါအချက် ထောက်ပံ့ပေးလိုက်သည်ဟု ယူဆကြသည်။
အထက်ပါစစ်တမ်းကောက်ယူမှုကို CGTN အင်္ဂလိပ်၊ စပိန်၊ အာရပ်၊ ပြင်သစ်နှင့် ရုရှားဘာသာစကား ပလက်ဖောင်းတွင် ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း နိုင်ငံခြား အင်တာနက်အသုံးပြုသူပေါင်း ၁၈၉၆၁ ဦးက ပါဝင်ကာ မိမိအမြင်များကို ဖော်ပြခဲ့ကြသည်။